IELTS exam ကို self-study လုပ်ခဲ့တဲ့အတွေ့အကြုံ
IELTS exam ကို self-study လုပ်ခဲ့တဲ့အတွေ့အကြုံ

IELTS exam ကို self-study လုပ်ခဲ့တဲ့အတွေ့အကြုံ

IELTS ကို class သွားဖိို့အချိန်မရသော်လည်းကောင်း က သင်တန်းကြေး ကိုမုန့်စားပစ်ချင်သော်လည်းကောင်း self study လုပ်မယ့်သူတွေအတွက် ကျွန်တော် prepare လုပ်ခဲ့ပုံလေးနဲ့ exam အတွေ့အကြုံလေးရှဲချင်ပါတယ်

 

Listening

အားလုံးသိပြီးသား Cambridge IELTS practice test (book 9 to 13) တွေ ပဲပြင်ဆင်ခဲ့ပါတယ်
ရုပ်ရှင်တွေ Youtube တွေနေ့တိုင်းကြည့်ပေမယ့်လည်း အစပိုင်းမှာ band 6 က
မတတ်ပါဘူး အာရုံစူူးစိုက်မှုမရှိခဲ့လို့ထင်ပါတယ်
လေ့ကျင့်ရင်းနဲ့တော့ ၁ ပတ်အတွင်းတတ်လာခဲ့ပါတယ်
တစ်ခုရှိတာက တကယ့် exam မှာ audio playback က Cambridge ထက်သိသိသာသာပိုမြန်ပါတယ်.
ကိုယ်စိတ်မချ ရင် Cambridge recording ကို ပဲ speed 1.2x လောက်နဲ့ ကျင့်ကြည့်ပါ
ဒီအပိုင်းအတွက်တော့ Practice ကသာ အရေးအကြီးဆုံးလို့ထင်ပါတယ်
IELTS listening practice လုပ်ရင်း နဲ့ concentration အပြင် listening skills
ပါရလာလို့ကျနော်အတွက်တော့ real world benefit ပါရခဲ့ပါတယ်

 

Reading

Listening လိုပဲ Cambridge IELTS 9 – 13 ပြင်ဆင်ခဲ့ပါတယ်
Quora နဲ့ Reddit ဖတ်နေကျမို့ reading အပိုင်းတော့ အခက်အခဲမရှိခဲ့ပါဘူး
တကယ့် exam မှာ အားလုံးပြောသလိုပဲ တစ်လုံးချင်း တစ်ကြောင်းချင်းစီ နားလည်ဖို့ထက် scanning လုပ်ပြီး information ရှာတတ်ဖို့ကအရေးကြီးတယ်လို့ထင်ပါတယ်. တစ်ချို့က question အရင်ဖတ်ခိုင်းပါတယ်. ကိုယ့် reading ကို confident ဖြစ်ရင် passage နဲ ့စလည်းအဆင်ပြေမှာပါ. ဒီအပိုင်းအတွက်လည်း practice ကသာဘုရင်ပါ. IELTS passageတွေ နဲ့ စာအုပ်တွေမှမဟုတ်ဘဲ Quora, Reddit, StackExchange တို.လို question and answer, knowledge sharing base တွေပါအလေ့အကျင့်လုပ်ပြီးဖတ်ရင် reading skills ရော ကိုယ့်သက်ဆိုင်ရာနယ်ပယ်က hard skills ပါတွဲရနိင်ပါတယ်

 

Writing

Self-study သမားတွေအတွက်တော့ W နဲ့ S u ဆရာမရှိတဲ့အတွက် အခက်ဆုံးလို့ထင်ပါတယ်
Writing မှာဆိုကို်ယ်ရေးအားကိုမှန်းရုံလောက်ပဲရမယ်ထင်တယ်
ကျနော်တော့ ရးပြီးတိုင်း Cambridge book မှာပါတဲ့ သူများ answer နဲ့ယှဉ်ကြည့်တယ် examiner comment ကိုဖတ်တယ် ပြီးရင် ကိုယ့် grammar, structure, spelling ကိုကြည့်ပြီး score ကိုမှန်းကြည့်တယ် ဒါပေမယ့် practice တော့အရမ်းနည်းသွားတယ်. Practice မှာ ၁ နာရီမဟုတ်ဘဲ မိနစ် ၅၀ အတွင်း grammar မှန်မှန် structure ကျကျရေးသင့်တယ် ရေးပြီးရင် ပြန်စစ်ဖို့လည်းလိုသေးတာကို ကျနော်တော့ဒါကိုသတိမထားဘဲ ၁နာရီနဲ့ပြင်ခဲ့လို့ exam မှာ အချိန်မလောက်ဘဲ Task 2 underlength ဖြစ်တယ်. Penalty အနည်းဆုံး band 1 လောက်ထိတယ်ထင်တယ် ဒါ့ကြောင့် ပို weighting များတဲ့ task 2 ကိုစရေးသင့်တယ်လို့လည်းမြင်တယ်
နောက်တစ်ခုက ကျနော်အပါအဝင်ညီအကိုအများစုက onlineမှာ
informal writing သာရေးကျတဲ့အတွက် academic formal wirting စရေးတဲ့အခါ
အခက်အခဲအနဲနဲ့အများတော့ရှိမှာပါ. Formal writing ကိုသက်သက်ကြီးအချိန်ပေးတက်တာထက်
Cambrdige အဖြေတွေမှာရော online မှာပါ model answer (band 9) essay တွေရှိပါတယ်.
ဖတ်နိင်သမျှဖတ်ပြီး သူတို့ရဲ့ရေးသားဟန်လေးတွေမှတ်သားဖို့ တိုက်တွန်းလိုပါတယ်
ဘာပဲဖြစ်ဖြစ် writing ကတော့ အခက်ဆုံးအပိုင်းမို့ လွယ်လွယ်နဲ့လက်မလျှော့ပါနဲ့.

 

Speaking

Youtube မှာ mock test တွေအများကြီးရှိပါတယ် ကျနော်တော့ Youtube video တွေမှာပဲ
examiner question မေးပြီးတိုင်း pause လုပ်ပြီး ကို်ယ့်ဟာကိုဖြေကြည့်တယ် ပြီးရင်
candidate ရဲ့အဖြေကိုနားထောင်တယ် band နဲတဲ့ candidate ရောများတဲ့ ဟာပါ ဘာကြောင့်
နဲလဲများလဲလေ့လာကြည့်တယ် ဒီလောက်ပဲ. Speaking ပိုင်းကိုထွေထွေထူးထူမပြင်ခဲ့ဖြစ်ဘူး
စိတ်ထဲမှာ ဖြးဖြေး နဲ့ မှန်မှန်ပဲပြောမယ် ဆိုပြီးသွားတာ တကယ့် interview နေ့ကျမှ
nervous ဖြစ်ပြီး ပြာတာတွေမြန် filler တွေများ self-correction တွေများ
ပြီးထင်သလောက်မပေါက်ခဲ့ဘူး
Part 2 နဲ့ Part 3 ကိုသေချာပြင်ဆင်ထားစေချင်တယ်. Part 1 ကတော့ intro သဘောမျိုးဖြစ်တဲ့အပြင်
ကိုယ့်အကြောင်းကိုပြောရတာဆိုတော့အဆင်ပြေမှာပါ
Interviewer ကပဲ ကို်ယ့်ကို အမှတ်ပေးမှာမို့ လေးလေးစားစားဆက်ဆံပြီး ပြုံးဖို့မမေ့ပါနဲ့.
Eye contact အတွက် အမှတ်မပေးဘူးဆိုပေမယ့် mutual respect အနေနဲ့ တော့ရှိသင့်ပါတယ်
မြန်ဖို့ထက် အသံထွက်မှန်မှန် နဲ့ဖြေးဖြေးပြောတာ အမှားပိုကင်းပြီး band 7
အထက်ရဖို့အထောက်အကူပြုမှာပါ

 

Take-home Message

ခြုံပြောရရင်တော့ လူတိုင်းပြောသလိုပဲ IELTS က Practice ပါပဲ။
အရေးတကြီးဖြေစရာမလိုရင် Cambridge ရဲ့ Book 9 to 13 တော့အချိန်ယူပြီး
ပြီးအောင်လုပ်သွားပါ။
Speaking နဲ့ Wriitng မှာ Tutor မရှိတဲ့အတွက် အစပိုင်းခက်ကောင်းခက်နိင်တယ်
ဒါပေမယ့်အထက်ကပြောသလို လက်လှမ်းမှီတဲ့ resource တွေနဲ့ လ့ကျင့်မယ်ဆို band 7+
ကတော့အနေးနဲ့အမြန်ပါပဲ
ထပ်သိချင်တာတွေရှိရင် comment or chatbox ကိုမေးလို့ရပါတယ်
အားလုံးအဆင်ပြေပါစေ

 

FAQs

မေး > Cambridge 9 – 13 ဘယ်မှာရှာရမလဲ
အင်းဝ, ရာပြည့် နဲ့ စာအုပ်ဆိုင်တော်တော်များများမှာရှိပါတယ်။

မေး > Listening မှာ headphone ပေးလား
လက်ရှိဒီစာကိုရေးတဲ့အချိန်ထိတော့မပေးသေးပါဘူး။
ကျွန်တော့်တုန်းက (Oct 2018) MICT Park Main Hall မှာမို့ Overhead Speaker တွေနဲ့ပဲဖွင့်ပေးပါတယ်။
အသံရှင်းရှင်းလင်းလင်းကြားရပါတယ်။

မေး > ပြင်ဆင်ချိန်ဘယ်လောက်ယူခဲ့လဲ
ကျွန်တော့်တုန်းက scholar တစ်ခုအမှီလျှောက်ချင်လို့့ ၁ နေ့ကို လေ့ကျင့်ချိန် ၂ နာရီကျော်ကျော်လောက်နဲ့ အချိန် ၃ ပတ် ယူခဲ့ပါတယ်။ ။

မေး > Band ဘယ်လောက်ရလဲ
Overall 8. Individual တွေကတော့ L9, R9, W6, S7 ပါ။

မေး > Band 8 ရဖို့ခက်လား
ထင်သလောက်မခက်ပါဘူး.
အခြေခံကောင်းထားပြီးရင် ကို်ယ်ရတဲအချိန်အတွင်း (၁လဖြစ်စေ ၂လဖြစ်စေ) ပုံမှန်လေ့ကျင့်မယ်ဆိုရနိင်ပါတယ်။
အခြေခံမကောင်းသေးဘူးဆိုရင်လည်း အားမငယ်ဘဲဆက်လက်ကြိုးစားဖို့အကြံပေးချင်ပါတယ်ဗျာ.။

 

With love… WY